kyalsylaymyar
Would you like to react to this message? Create an account in a few clicks or log in to continue.

လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။

Go down

လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။ Empty လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။

Post  Naung Fri Feb 05, 2010 9:30 pm

လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။

လူလိမ္မာ။ ။ ။နှုတ်မှ ဝေဖန်မှုမလုပ်၊ ထင်မြင်ချက်မပေး။ သိသမျှ၊
မြင်သမျှကို ကိုယ့် အတွင်းစိတ်ဖြင့် သာ အမှားအမှန်ကို ဝေဖန်ပြီး ကိုယ်
့ကိုယ်ကို ပြုပြင်တတ်တယ်။ ဘယ်တော့ မှနောက်လူကိုပြုပြင်လို့'မရ' လို
့ယုံကြည်ထားတယ်။ သူတစ်ပါးကို ဆန့် ကျင်၊ ငြင်းခုံသောစကားကိုမပြော။
သူများပြောလာသောစကားကို အဓိကထားပြီး နားထောင်တတ်တယ်။ ကိုယ်
့အကြောင်းကိုဘယ်တော့ မှ'မပြော'။ သူတစ်ပါးရဲ့ 'ချီးမွမ်း' တဲ့ စကားထက် 'ကဲ
့ရဲ့ ပြစ်တင်' သော စကားကို ပိုပြီးတော့ အလေးအနက်ထားတတ်တယ်။

နောက်တစ်ယောက်ကတော့  လူတော်။ ။ ဒီလူကတော့ .... ကောင်းတဲ့ ဗဟုသုတ၊ အတွေ
့အကြုံများကို နေရာ၊ အချိန်မရွေး မှတ်သားနာယူတတ်တယ်။အတုယူတတ်တယ်။
ပြဿနာကြုံလာတဲ့ အခါတိုင်း ရင်ဆိုင်ဖြေရှင်းတယ်။ စိတ်သက်သာမှုအတွက်
အစားထိုးအချိန်ဆိုင်း ကုစားမျိုးမလုပ်။ ကိုယ်
့ကိုသူများအကဲမခတ်နိုင်အောင် နေတတ်ပြီးတော့ သူများကို အချိန်တိုတို
အတွင်းအကဲခတ်တတ်တယ်။ သူလိုလူမျိုးက အယုံမလွယ်ဘူး။ အသနားမလွယ်ဘူး။
ကိုယ်ထက်ဘယ်သူ့ ကိုမှ ပိုမယုံဘူး။ ကိုယ်လုပ်ရမဲ့ ကိစ္စကို
ကိုယ်တိုင်လုပ်ရတာ အသေချာဆုံးစိတ်အချရဆုံးလို့ ယုံကြည်တယ်။
ကိုယ်ဝါသနာပါပြီး ကိုယ်လုပ်လိုတဲ့ အလုပ်ထက် ကိုယ်လုပ်သင့် တဲ့ အလုပ်၊
အရေးကြီး တဲ့ အလုပ်ကို ဦးစားပေး လုပ်တတ်တဲ့ အကျင့် ရှိတယ်။ ကိစ္စရှိမှ
မိတ်ဆွေကို ဆက်ဆံ တဲ့ အကျင့် ကိုမုန်းတီးတယ်။ ကိစ္စတိုင်း၊ လူတိုင်းကို
ငွေနှင့် မတိုင်းတာ။ ကိုယ့် ကိုအထင်ကြီးမှုရယူရန် ဟန်ဆောင်ကြွားဝါ တတ်တဲ
့အလုပ်မျိုးကိုရှောင်ကြဉ်တယ်။

နောက်တစ်ယောက်က လူချမ်းသာ။ ။ ။ ထွက်ငွေဟာ ဘယ်တော့ မှ ၀င်ငွေထက်
လုံးဝမပိုစေရ။ ငွေကြေးစုဆောင်းတတ်တဲ့ အကျင့် ရှိတယ်။ အကြွေးဘယ်တော့ မှ
မယူတတ်။ဝင်ငွေ အမြဲတမ်းရှိနေအောင်ကြိုးစားတယ်။ နောက်ကိစ္စနောက်ရှင်း၊
နောင်ခါလာနောင်ခါဈေး စိတ်ဓါတ်မရှိ။ ခုကိစ္စကို
ခုရှင်းမှကြိုက်တယ်။ဒါပေမယ့် ...... ငွေချမ်းသာတိုင်း လူမချမ်းသာပါ။

နောက်ဆုံးတစ်ယောက်ကတော့ အောင်မြင်တဲ့ လူ။ ။ ။ ဒီနောက်ဆုံးပုဂ္ဂိုလ်ကတော့ 
.. ထွက်တဲ့ ဒေါသကို ထိန်းထားနိုင်တယ်။ လိုချင်တဲ့ ဆန္ဒကို အောင်
့ထားနိုင်တယ်။ ကိုယ်ပြောချင်တဲ့ စကားကို မပြောပဲ နေနိုင်တယ်။ ပြီးတော
့ကိုယ်လုပ်ချင်စိတ်ရှိနေလျက်နဲ့ မလုပ်ပဲ နေနိုင်တယ်။ မပြောနှင့် ။
မဆုံးမနှင့် ။ မသင်နှင့် ။မဝေဖန်နှင့် ။ မငြင်းနှင့် ။ မဆန့် ကျင်နှင့် ။
မမျှော်လင့် နှင့် ။ မတောင်းနှင့် ။အားမကိုးနှင့် ။ အောင့် အီးနိုင်ပါစေ။
ကြိတ်မှိတ်နေနိုင်ပါစေ။ ပိတ်နေနိုင်ပါစေ။ ဒီလူကတော့ အောင်မြင်တဲ
့လူတစ်ယောက်ပါ။

သင်ကော ဘယ်လိုလူအမျိုးအစားထဲမှာပါဝင်ပါ
သလဲ ?????????
ကိုယ့် ကိုယ့် ကို ခုံပေါ် တင်ကြည့် ပြီး Research and Development
လုပ်ကြည့် ကြည့် ပေါ့ ။

Naung
Admin

Posts : 2
Join date : 2010-02-05

https://kyalsulaymyar.forumotion.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum